စစ်ကောင်စီက ရုရှားနိုင်ငံမှဝယ်ယူထားသောတိုက်လေယာဉ်များကို မြန်မာနိုင်ငံအလယ်ပိုင်းတွင်အသုံးပြုသွားမည်

ပြည်တွင်းသတင်း - နိုင်ငံရေး | Mar 20, 2026

News Thumbnail
ရုရှားအစိုးရကချေးပေးသော အမေရိကန်ဒေါ်လာသန်း ၄၀၀ ခန့်တန်ဖိုးရှိ တိုက်လေယာဉ်များအား စစ်ကောင်စီကလက်ခံရရှိထားပြီဖြစ်ကြောင်း သိရသည်။ 
 
ရုရှားနိုင်ငံပိုင်လက်နက်တင်ပို့ရေးအဖွဲ့အစည်းဖြစ်သော Rosoboronexport နှင့်စစ်ကောင်စီအကြားတွင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလကစာချုပ်ချုပ်ဆိုခဲ့ကာ Su-30SME တိုက်လေယာဉ် အနည်းဆုံး ၆ စင်း ပါဝင်ကာ အဆိုပါလေယာဉ်များကို ရုရှားနိုင်ငံ Rostec အောက်ရှိ Irkutsk လေယာဉ်ထုတ်လုပ်ရေးစက်ရုံမှ ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
အဆိုပါစာချုပ်၏စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၀၀ သန်းခန့်ရှိပြီးရုရှားအစိုးရ၏ ချေးငွေဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
အဆိုပါလေယာဉ်များကို ၂၀၂၂ ခုနှစ်မှစတင်ကာပေးပို့ခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း လေယာဉ် ၂ စင်းထပ်မံပေးပို့ခဲ့ကာ ယခုနောက်ဆုံး ၂ စင်းမှာ ၂၀၂၆ ခုနှစ်အတွင်းရောက်ရှိခဲ့ပြီး ယခုအခါ တရားဝင်လွှဲပြောင်းယူခဲ့ခြင်း ဖြစ်သည်။
 
မြန်မာနိုင်ငံသည် ရုရှားလေတပ်သုံး Su-30SM ကို အခြေခံထားသည့် Su-30SME မော်ဒယ်ကို ဝယ်ယူသည့် ပထမဦးဆုံးနှင့်တစ်နိုင်ငံတည်းသောနိုင်ငံခြားဖောက်သည်ဖြစ်လာကာ လေယာဉ်သည် အင်ဂျင်နှစ်လုံးတပ် ဘက်စုံသုံးတိုက်လေယာဉ်ဖြစ်ပြီး ဝေဟင်စိုးမိုးရေးသာမက မြေပြင်နှင့် ရေပြင်ပစ်မှတ်များကို တိုက်ခိုက်ရန် ဒီဇိုင်းထုတ်ထားကြောင်း သိရသည်။
 
လေယာဉ်တွင် လက်နက်တန်ချိန် ၈ တန်အထိ တပ်ဆင်နိုင်ကာ R-37 ကဲ့သို့ အဝေးပစ်ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များကိုလည်း သယ်ဆောင်နိုင်ပြီး အဆိုပါလေယာဉ်များကို နေပြည်တော် လေတပ်စခန်းအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ဆင်ရေးနယ်မြေများတွင် အသုံးပြုသွားနိုင်ချေရှိကြောင်း သိရသည်။
🔙 Back to News